နေပြည်တော် ဇန်နဝါရီ ၃၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက် ပိုင်းက ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်နှင့် တာဝန်ရှိသူများလိုက်ပါ လျက် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကျိုက်ကေလာသကျေးရွာသို့ သွားရောက်၍ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ ဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာကုန်ထုတ်လမ်း (၁) မိုင်နှင့် Box Culvert (၂) စင်း တည်ဆောက် ပြီးစီးမှု၊ စိုက်ပျိုးမြေဧက (၃၅၀) အား အကျိုးပြုနေမှုကို ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ခဲ့မှုများ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကော့ပရံ-ကော့မလောက် ကျေးရွာ ချင်းဆက်လမ်း အရှည် (၂) မိုင် (၅) ဖာလုံအနက် (၁) မိုင် (၁) ဖာလုံ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်း လင်းတင်ပြသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ ကျန်ရှိနေသည့် လမ်းပိုင်းအား ဆက်လက်ဆောင်ရွက်ပေးနိုင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက် များအပေါ် လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ဘားအံမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းအုပ်ကြီး၊ နည်းပြဆရာ၊ ဆရာများ၊ သင်တန်းသူများနှင့်တွေ့ဆုံ၍ သင်တန်းသူဦးရေ ပိုမိုရရှိရေး၊ သင်တန်းဆင်းများ အလုပ် အကိုင်အခွင့်အလမ်း ရရှိရေး၊ ရက်ကန်းလက်ရာများ အဆင့်အတန်းမြင့်မားရေး ကြိုးပမ်းဆောင်ရွက် ကြရန် တိုက်တွန်းမှားကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် လက်ရက်ကန်း(၆)လသင်တန်း၊ ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင် (၁) နှစ်သင်တန်း တက်ရောက်နေသော သင်တန်းသူ (၁၁) ဦး၏ လက်တွေ့သင်ယူနေမှု ကိုလည်းကောင်း၊ ရက်ကန်းလက်ရာထည်များကိုလည်းကောင်း၊ လေ့ကျင့်ပျိုးထောင်ရေးစင်တာ တို့ကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဘားအံမြို့၊ သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်၍ မြေပဲ စိုက်သမဝါယမအသင်းသားတောင်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ရာ ပြည်နယ်သမဝါယမ ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် အသင်းသားတောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်တိုးရေး အလေးထားဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အသင်းသားတောင်သူများလိုအပ်သည့် အထွက်တိုး မျိုးနှင့် သွင်းအားစုများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သီးနှံပေါ်ပေးစနစ်ဖြင့် ထောက်ပံ့ပေး လျက်ရှိသဖြင့် အသင်းသားတောင်သူများက ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်အ တွင်းရှိ မြေပဲစိုက်ပျိုးမည့် သမဝါယမအသင်း (၅) သင်းမှ အသင်းသားတောင်သူများအတွက် အထွက်တိုးမျိုးနှင့် သွင်းအားစုများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် အသင်းသားတောင်သူများကိုယ်စား သာယာကုန်း စိုက်ပျိုးရေးနှင့်အထွေထွေ စီးပွားရေးသမဝါယမအသင်းမှ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဘားအံမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံး သို့သွားရောက်ပြီး ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာ (၃) ရွာအတွက် မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်၍ ဒုတိယဝန်ကြီးက ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး မိသားစုဝင်ငွေ တိုးပွားရေးအတွက် ဝန်ကြီးဌာနရှိ ဦးစီးဌာန (၄) ခုမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိသည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဘားအံမြို့နယ်အတွင်းမှ ရသဝေါကျေးရွာ နှင့် ကော့တာကျေးရွာ၊ လှိုင်းဘွဲမြို့နယ်မှ အဝင်ဝကျေးရွာတို့အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် သိန်း (၃၀၀) စီ ပေးအပ်ခဲ့ပြီး ကျေးရွာကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ကရင်ပြည်နယ်အတွင်းရှိ ဝန်ကြီးဌာနအောက် ဦးစီးဌာန (၄) ခုမှ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ရာ ပြည်နယ်ဦးစီးမှူး များက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ဝန်ထမ်းများ၏ အခက်အခဲများအား ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်