ဖျာပုံမြို့နယ် ဓနုံးချောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေထုတ်ချေး
ဖျာပုံ၊ ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဓနုံးချောင်းကျေးရွာ+ တူး မြောင်းကျေးရွာတို့၏မြစိမ်းရောင်စီမံကိန်းလည်ပတ်ရန်ပုံငွေ ဧကဒဿမအကြိမ်ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက ဓနုံးချောင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြတ်ကကျေးရွာရှိ ရပ်မိ၊ရပ်ဖများ၊မြစိမ်းရောင်အသင်းသား၊အသင်းသူများ၊မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံကာမြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းဆောင်ရွက်ရခြင်း၏ အကျိုးကျေးဇူးများလုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှစီမံကိန်းတာဝန်ခံဝန်ထမ်းများက အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များ၊ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး ဓနုံးချောင်း+ တူးမြောင်းကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံသို့စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်၄၇၅သိန်းလေးသောင်းအား လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူး ဦးအောင်မြတ်နှင့်တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ဓနုံးချောင်းကျေးရွာနှင့် တူးမြောင်းကျေးရွာတို့တွင် ဧကဒဿမအကြိမ်အဖြစ်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၉၉ဦးကို ငွေကျပ် ၃၁၆သိန်း၈သောင်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂၂ဦးကို ငွေကျပ်၁၅၈သိန်းခြောက်သောင်းစုစုပေါင်း အသင်းသား၊အသင်းသူ ၂၂၁ဦးကို ငွေကျပ် ၄၇၅သိန်းလေးသောင်းထိ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
နွဲ့ယဥ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်