Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မဟာအောင်မြေမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


30 Jan,2026

ချမ်းအေးသာစံ ဇန်နဝါရီ ၃၀

မဟာအောင်မြေမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မဟာအောင်မြေမြို့နယ် သမဝါယမအသင်းစု၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ မဟာအောင်မြေမြို့နယ်သမဝါယမအသင်းစုလီမိတက် သဘာပတိဦးခင်မောင်ဋ္ဌေးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုဝေဝေထွန်းနှင့် သမဝါယအသင်းစုချုပ် အမှုဆောင်ဦးဟန်တို့က အမှာစကားပြောကြား ခဲ့သည်။

ထို့နောက် မဟာအောင်မြေမြို့နယ်၊ သမဝါယမဦးစီးအရာရှိ ဒေါ်လင်းစုအောင်က ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး မန်နေဂျာဒေါ်သောင်းသောင်းက အစီရင်ခံစာ များ၊ ဘဏ္ဍာရေးရှင်းတမ်းများ၊ အမြတ်ခွဲဝေစာရင်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား ဆက်လက် တင်ပြခဲ့သည်။

အဆိုပါ ဖတ်ကြားတင်ပြခဲ့သော အချက်အလက်များအပေါ် တက်ရောက်လာသည့် ကိုယ်စားလှယ်များ၏ အတည်ပြုချက်များနှင့် အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အစုအမြတ်များ ပေးအပ်ခဲ့ကာ သဘာပတိဦးခင်မောင်ဋ္ဌေးက နိဂုဏ်းချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်