ချမ်းအေးသာစံ ဇန်နဝါရီ ၃၀
မန္တလေးဆေးရုံကြီးငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ချမ်းအေးသာစံမြို့နယ် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးရှိ ကိုးထပ်ဆောင် အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့ သည်။
ရှေးဦးစွာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦး က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ချမ်းအေးသာစံမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမာဋ္ဌေးက သမဝါယမအသင်း၏ ဆောင်ရွက်နေသော လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ဒါရိုက်တာအဖွဲ့က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးရှင်းတမ်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ဖတ်ကြားခဲ့ပြီး အသင်းသူ၊ အသင်းသားများ၏ အတည်ပြုချက်များရယူကာ သမဝါယမအသင်းသားများ၏ သိလိုမေးမြန်းချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်