ကျိုက်လတ်မြို့နယ် စီပင်စုကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး
ကျိုက်လတ် ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၏ ထုတ်ကုန်၊ ထွက်ကုန်များ ဈေးကွက်သို့ အချိန်မီတင်ပို့ ရောင်းချ နိုင်စေရန် ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် သာယာဝဲကျေးရွာအုပ်စု၊ စီပင်စုကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ် ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး နည်းပညာ ဦးလှိုင်အေး၊ ဖျာပုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထက်အောင်နှင့် ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်၊ မြို့နယ် တာဝန်ခံအင်ဂျင်နီယာများနှင့်အတူ စီပင်စုကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးလှိုင်အေးနှင့် တာဝန်ရှိသူများက ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီဝင် များနှင့်တွေ့ဆုံကာ လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ပြီးစီးပါကလည်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် ဆွေးနွေးမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ကျိုက်လတ်မြို့နယ် စီပင်စု ကျေးရွာ၌ အရှည် ၁မိုင် ၃ဒသမ၈ ဖာလုံ၊ ၊ အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မထု၊ ကုန်ထုတ်လမ်းဂဝံခင်းခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေ ၂၄၀ဒသမ၀၁၂သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း ကျိုက်လတ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်ထံမှ သိရှိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်