Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

Auto CAD အသုံးပြုနည်းနှင့် ကုန်ထုတ်လမ်းလုပ်ငန်းများ အရည်အသွေးစစ်ဆေးခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ


03 Feb,2026

Auto CAD အသုံးပြုနည်းနှင့် ကုန်ထုတ်လမ်းလုပ်ငန်းများ အရည်အသွေးစစ်ဆေးခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက Auto CAD အသုံးပြုနည်းနှင့် ကုန်ထုတ်လမ်းလုပ်ငန်းများ အရည်အသွေးစစ်ဆေးခြင်းဆိုင်ရာသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၉နာရီခွဲ အချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦး‌သိန်းလွင်က  “ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများအနေဖြင့် အင်ဂျင်နီယာနည်းပညာဆိုင်ရာ အထောက်အကူပြု Auto CAD Software အသုံးပြု၍ Drawing များရေးဆွဲတတ်စေရန်၊ ကုန်ထုတ်လမ်းလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးလက်ကုန်ထုတ်လမ်းများနှင့် ကျေးရွာတွင်းလမ်းများအတွက် အရည်အသွေး စစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းလမ်းညွှန် (QC SOP)အရ လိုက်နာဆောင်ရွက်ရမည့် နည်းပညာလုပ်ငန်းစဉ် များအား သိရှိနားလည်၍ မြေပြင်၌ အရည်အသွေးစစ်ဆေးရာတွင် ပိုမိုတိကျမှန်ကန်စွာဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဒီသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ ကုန်ထုတ်လမ်းများ အရည်အသွေးပြည့်မီစေရေးအတွက် လမ်းအလွှာလိုက် CBR စစ်ဆေးခြင်း၊ DOC စစ်ဆေးခြင်းတွေကို လည်း ဆောင်ရွက်လျက်ရှိတာဖြစ်တဲ့အတွက် သတ်မှတ်စံချိန်စံညွှန်းတွေကို သိရှိထားဖို့လိုပါကြောင်းနှင့် လုပ်ငန်းများအား ကျယ်ပြန့်စွာဆောင်ရွက်လာနိုင်စေရန်အတွက် နည်းပညာပိုင်းဆိုင်ရာ အထောက်အကူ ပြုနိုင်ရန် Auto CAD Software အသုံးပြုနည်းကို သေချာသင်ကြားလိုက်နာသင်ယူကြဖို့ မှာကြား လိုပါကြောင်း” ပြောကြားသည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် သင်တန်းသားတစ်ဦးချင်းစီမှ မိတ်ဆက်စကား ပြောကြား သည်။

အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ သင်တန်းသား၊ သင်တန်းသူ(၃၆)ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြပြီး အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ ၂-၂-၂၀၂၆ရက်နေ့မှ ၆-၂-၂၀၂၆ရက်နေ့ထိ ငါးရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချ‌ပေးမည် ဖြစ်ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်