Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝမ်းတွင်းမြို့နယ်သမဝါယမအသင်းစု(လီမိတက်)နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


02 Feb,2026

ဝမ်းတွင်း ဖေဖော်ဝါရီ  ၂

မန္တလေးတိုင်းဒေသကြီ၊  ဝမ်းတွင်းမြို့နယ်သမဝါယမအသင်းစု(လီမိတက်) နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို အဆိုပါရုံးအစည်းအဝေးခန်းမတွင်  ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစု(လီမိတက်)ဥက္ကဋ္ဌ ဦးဇော်ဝင်းဖေက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုးက သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို ရှင်းလင်းပြော ကြားသည်။ ၎င်းနောက် တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် အမှုဆောင်အဖွဲ့ဝင် ဦးကျော်ငြိမ်းနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးတို့က နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ရှေ့လုပ်ငန်းစဉ်အား ဖတ်ကြားတင်သွင်းခြင်း၊ လုပ်ငန်းအစီရင်ခံစာတင်ပြသည့်ဆွေးနွေးချက်များ အား ဆုံးဖြတ်ချက်ရယူခြင်း၊ အတည်ပြုချက်ရယူကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။  

မြို့နယ်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်