Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ


02 Feb,2026

ပြင်ဦးလွင် ဖေဖော်ဝါရီ  ၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် မေရှိုးမန်းသယ်ယူပို့ဆောင်ရေး သမဝါယမအသင်းလီမိတက်၏ ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)၊  မြမာလာဓမ္မာရုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဦးစီးအရာရှိ ဦးဟိန်းစစ်ကျော်မှ အမှာစကားပြောကြားပြီး အသင်းဥက္ကဋ္ဌ ဦးဗိုလ်ဝင်းမှ အသင်း၏တစ်နှစ်တာ ဆောင်ရွက်ချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ သည်။ ဆက်လက်၍ ရှယ်ယာရှင်လိုင်းပိုင်၊ယာဉ်ပိုင် အသင်းသားတစ်ဦးလျှင် ငွေကျပ်(၁)သိန်းနှုန်း၊ ယာဉ်မှူး၊ ဂိတ်မှူး၊ ဂိတ်လုပ်သားများ တစ်ဦးလျှင် (၅) သောင်းနှုန်း၊ စုစုပေါင်းအသင်းသား (၁၂၈) ဦးအတွက် (၁၁၄)သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဟိန်းစစ်ကျော်နှင့် တာဝန်ကျ၀န်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ၊ အသင်းဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ရှယ်ယာရှင်များ၊ ယာဉ်မှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သွေးသွေး (ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်