Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


02 Feb,2026

မြစ်ကြီးနား ဖေဖော်ဝါရီ ၁

        ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူပြီး ရာသီမရွေးသွားလာနိုင်ရန် ရည်ရွယ်၍ နောင်နန်းကျေးရွာအုပ်စု ယိန်းခေါကျေးရွာ၌ ပြည်ထောင်စု ခွင့်ပြုငွေဖြင့် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ဇန်နဝါရီလ ၃၁ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

             ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကချင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းဦး၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်မြင့်ထွန်း၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဆုမွန်အောင်နှင့် တာဝန်ရှိသူများသည် ယိန်းခေါကျေးရွာ၌ ကျေးရွာအဝင်လမ်းမကြီး ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)က တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းများသတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ကြရန်မှာကြားကာ ကျေးရွာမှတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

         အဆိုပါကျောက်ချောလမ်းသည် အရှည် ၁ ဒသမ ၃ ဖာလုံ၊ အကျယ် ၁၄ ပေ၊ ထု ၁ ပေ ၅ လက်မရှိပြီး ပြည်ထောင်စု ခွင့်ပြုငွေဖြင့် မြစ်ကြီးနားမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာများက ယခုနှစ် ဇန်နဝါရီလပထမပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး၏ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

ချိုသန်းညွန့်(ကျေးလက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်