ငဖဲမြို့နယ် သီပေါ်ရွာသစ်ကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေများ သတ္တမအကြိမ် ထုတ်ချေး
ငဖဲ ဖေဖော်ဝါရီ ၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများ သတ္တမအကြိမ် ထုတ်ချေးခြင်းကို ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်ပိုင်းက သီပေါ်ရွာသစ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ငုဝါရွှေက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် သီပေါ်ရွာသစ်ကျေးရွာရှိ လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူများ လိုအပ်သည့် ငွေကြေးအရင်းအနှီးရရှိစေရန် ရည်ရွယ်၍ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ကျေးလက်ဥပဒေ၊နည်းဥဒေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များထံရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက သီပေါ်ရွာသစ် ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၅ ဦးထံသို့ ရန်ပုံငွေ ၂၀၆ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၈ ဦးထံသို့ ရန်ပုံငွေ ၄၅ သိန်း၊ စုစုပေါင်း အသင်းသူ/သား ၄၃ ဦးထံသို့ ရန်ပုံငွေ ၂၅၁ သိန်းကို တစ်ဦးချင်း ထုတ်ချေးပေးခဲ့ကြောင်း ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ငုဝါရွှေထံမှ သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်