Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သနပ်ပင်မြို့နယ် မိုးခိုင်လေးကျေးရွာ၌ VRFPစီမံကိန်း လုပ်ငန်းများစစ်ဆေး


09 Feb,2026

သနပ်ပင်မြို့နယ် မိုးခိုင်လေးကျေးရွာ၌ VRFPစီမံကိန်း လုပ်ငန်းများစစ်ဆေး
သနပ်ပင်၊ ဖေဖော်ဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မိုးခိုင်လေးကျေးရွာ၌ VRFP စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းနှင့်စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်အတူမိုးခိုင်လေးကျေးရွာ၌ VRFPစီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ လစဉ်ဖြည့်သွင်းရမည့်ငွေစာရင်းဇယားမျ ားစနစ်တကျဖြည့်သွင်းထားရှိမှုနှင့် စီမံကိန်းဆိုင်ရာညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
အဆိုပါ ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၂၀၁၉- ၂၀၂၀ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ  ၈၀ဦးကို ငွေကျပ် ၃၀၇ သိန်း ၈သောင်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၇ဦးကို ငွေကျပ်၁၃၂သိန်း၂ သောင်း၊ စုစုပေါင်းအသင်းသား၊အသင်းသူ ၁၁၇ ဦးအတွက် ငွေကျပ် ၄၄၀သိန်းထိ ထုတ်ချေးပေးထားကြောင်း သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းက ပြောပြ၍ သိရသည်။
နွဲ့ယဥ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်