သနပ်ပင်မြို့နယ် ကလိုင်ကျေးရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်းများဖွင့်ပွဲအခမ်းအနား ကျင်းပ
သနပ်ပင်၊ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အား ကြိုဆိုရုဏ်ပြုသောအားဖြင့် သနပ်ပင်မြို့နယ်၊ကလိုင်ကျေးရွာအုပ်စု၊ကလိုင်ကျေးရွာ၌ ၂၀၂၅ - ၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ကျေးလက်ရေရရှိရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၈ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ သနပ်ပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းသန်း၊ ရဲမှူးအောင်ကျော်ကျော်၊ မြို့နယ်စီမံကိန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်စိုး၊ သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ကေသီထွန်းနှင့် ကျေးရွာတာဝန်ရှိသူများက ကလိုင်
ကျေးရွာ၌ ကျေးလက်ရေရရှိရေးလုပ်ငန်းများအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် သနပ်ပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဝင်းသန်း၊ရဲမှူးအောင်ကျော်ကျော်၊မြို့နယ်စီမံကိန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်စိုး၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ကေသီထွန်းနှင့်ကျေးရွာတာဝန်ရှိသူများက ကျေးရွာ၌ ဆောင်ရွက်ထားရှိသော ကျေးလက်ရေရရှိရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းသန်းက ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများရေရှည်တည်တံ့ခိုင်မြဲစေရေး ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့် ကျေးရွာသူ၊ကျေးရွာသားများက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
ကလိုင်ကျေးရွာ၌ ဂါလံ၂၄၀၀ဆံ့စင်မြင့် ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ အရှည်ပေ ၅၀၀အတိုင်းတာရှိ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း၊ အရှည် ၁၁၅၀ပေအတိုင်းအတာရှိ မြေသားရေကန် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုငွေကျပ် ၄၈ဒသမ ၅၀သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ်မှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ၊ အဆိုပါ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့်အတွက် ကလိုင်ကျေးရွာရှိကျေးရွာသူ၊ကျေးရွာသားများအနေဖြင့်လူနေမှုအဆင့်အတန်းမြင့်မားလာမည့်အပြင် ကျွဲ၊နွားတိရစ္ဆာန်များနှင့် ကျေးရွာသူ၊ကျေးရွာသားတို့အတွက် ရာသီအချိန်အခါမရွေး အိမ်တိုင်ရာရောက်သန့်ရှင်းသော သောက်သုံးရေကို အလွယ်တကူရရှိမည်ဖြစ်ကြောင်း သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းက ပြောပြ၍သိရသည်။
နွဲ့ယဥ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်