Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထန်းတပင်မြို့နယ် နဲသမိန်-အောက်ခြံတန်း ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး


06 Feb,2026

ရန်ကုန် ဖေဖော်ဝါရီ ၅

      ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နဲသမိန်-အောက်ခြံတန်း ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

      ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(တည်ဆောက်ရေး) ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးဇော်မိုးဦး၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား သတ်မှတ်အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

      အဆိုပါ ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပြီးသွားပါက ကျေးရွာနေပြည်သူများ ရာသီမရွေး သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်