Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်ရွှေမြို့နယ်ရှိ စီမံကိန်းသီးနှံ ဆူရာကီရမ်နေကြာစိုက်ခင်းများသို့ တာဝန်ရှိသူများကွင်းဆင်းကြည့်ရှု


09 Feb,2026

ညောင်ရွှေ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာ ရောင်နီဦးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း အသင်းသားပိုင် နေကြာစိုက်ခင်းများတွင် ဆူရာကီရမ် နေကြာစိုက်ပျိုး ဖြစ်ထွန်းနေမှုများကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်၊ ရှမ်းပြည်နယ် တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ် အမှုဆောင်၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်အသင်းစုတို့မှ တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုစဉ် ပြည်နယ်ညွှန်ကြားရေးမှူးက နေကြာပင်များအောင်မြင်ဖြစ် ထွန်းနေမှုအပေါ် စနစ်တကျမြေဘောင်တင်ခြင်း၊ ပင်ခြားခွဲ​ခြားခြင်းများဆောင်ရွက်ကြရန်၊ ပန်းတိုင် အထွက်နှုန်းပြည့်မီစေရေး ရွက်ဖျန်းအားဆေးများ၊ သဘာဝမြေဩဇာများထည့်သွင်းစေပြီး အသင်း သားအကျိုးရရှိစေရေး အသင်းအဆင့်ဆင့်မှပူးပေါင်းဆောင်ရွက်ကြရန်၊ ထွက်ရှိလာသော နေကြာ များအား သမဝါယမအသင်းပိုင် ဆီစက်များတွင်ကြိတ်ခွဲစေပြီး သမဝါယမအသင်းလမ်းကြောင်းမှ တဆင့် စျေးနှုန်းသက်သာစွာဖြန့်ဖြူးနိုင်ရေး၊ မြို့နယ်သမဝါယမအသင်းစုပိုင်ဆီစက်တွင် အချိန် ပြည့်လည်ပတ်နိုင်ရေး၊ အသင်းသားများမှထွက်ရှိလာသောနေကြာများအား ဝယ်ယူသိုလှောင်ခြင်း၊ ဆီကြိတ်ခွဲဖြန့်ဖြူးခြင်းများဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ရှမ်းပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်