Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လှိုင်းဘွဲမြို့နယ်တွင် သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံ(မြေပဲ) စိုက်ခင်းများသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


09 Feb,2026

ကရင် ဖေဖော်ဝါရီ  ၉

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံ(မြေပဲ) စိုက်ပျိုးရေးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော သာယာကုန်းကျေးရွာရှိ သာယာကုန်း စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းက မြေပဲစိုက်အသင်းသားတောင်သူ(၅၄)ဦး စိုက်ပျိုးထားသော ဆောင်းဆီထွက်သီးနှံ(မြေပဲ)စိုက်ခင်းများသို့ ကရင်ပြည်နယ်သမဝါယမဦးစီး ဌာနမှ ပြည်နယ်ဦးစီးမှူး‌ ဒေါ်အေးပွင့်နှင့်တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဦးစီးမှူးက ဆောင်းမြေပဲစိုက် အသင်းသား တောင်သူများနှင့် တွေ့ဆုံကာပန်းတိုင်အထွက်နှုန်းထွက်ရှိအောင် မြေပဲနှုတ်သိမ်းချိန်တွင် အလေအလွင့် မရှိစေရေး စနစ်တကျဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်းသိရှိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်