Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေကြည်မြို့နယ် သပြေကွင်းကျေးရွာ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှုအခြေအ‌နေများအား ကွင်းဆင်းစစ်ဆေးခြင်း


10 Feb,2026

‎ရေကြည်မြို့နယ်  သပြေကွင်းကျေးရွာ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှုအခြေအ‌နေများအား ကွင်းဆင်းစစ်ဆေးခြင်း 

‎ရေကြည်  ဖေဖော်ဝါရီ ၁၀
‎‎        ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအ‌ထွေထွေပိုလျှံရန်ပုံငွေ(GRF)ဖြင့် သပြေကွင်းကျေးရွာ ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှုအခြေအနေကို  ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းက  တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 
‎          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျုံပျော်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်ဌေးနှင့်  ခရိုင်၊မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ သပြေကွင်းကျေးရွာ၌  ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို   ကွင်းဆင်းစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဦးတင်မောင်ဌေးက ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားပြီး  ကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
‎          ရေကြည် မြို့နယ်၊  သပြေကွင်းကျေးရွာ၌ အရှည် ၅ ဒသမ ၃ ဖာလုံ ၊ အကျယ် ၁၆ပေ၊ အမြင့်  ၁ ပေ ရှိ ကုန်ထုတ်လမ်း မြေသားတာဘောင်မြှင့်တင်ခြင်း နှင့်  အရှည် ၅ ဒသမ ၃ ဖာလုံ ၊ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မ ရှိ  မြေရော ကျောက််ခင်းခြင်း လုပ်ငန်းများကို ပြည်ထောင်စုအ‌ထွေထွေပိုလျှံ ရန်ပုံငွေ(GRF) ကျပ် ၂၃၈ ဒသမ ၃၈၈ သန်း ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာ ဝန်ထမ်းများက  ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က စတင်၍တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါသဖြင့် လယ်ဧက(၂၀၀)ဧက၏ ထွက်ကုန်များ ဈေးကွက်သို့ အချိန်မီ ပို့ဆောင်ပေးနိုင်မည်ဖြစ်ပါကြောင်း ကျုံပျော်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်ဌေးထံမှ သိရသည်။ 
‎ဇင်မာ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်