(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့်လက်ခိုက်ကျေးရွာအုပ်စု၊အိုးဘိုကျေးရွာကုန်ထုတ်ဂဝံလမ်းသစ်ဖွင့်ပွဲကျင်းပ
ကော့မှူး ဖေဖော်ဝါရီ ၉
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်၂၀၂၅-၂၀၂၆ဘဏ္ဍာ ရေးနှစ်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်ခရိုင် ကော့မှူးမြို့နယ် လက်ခိုက်ကျေးရွာအုပ်စု အိုးဘိုကျေးရွာကုန်ထုတ်ဂဝံလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို (၇-၂-၂၀၂၆)ရက်နေ့နံနက်၉နာရီကအိုးဘို ကျေးရွာ၌ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဂဝံလမ်းသစ်ဖွင့်ပွဲအားဦးရွှေရိုးနှင့် ဒေါ်မိုး ကများဖြင့်ဖွင့်လှစ်ခဲ့သည်။ဆက်လက်၍တွံတေးခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညွန့်နွယ်က အဖွင့်အမှာစကားပြောကြားရာတွင် ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးခြင်းကြောင့် ကျေးရွာနေပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်ကအိုးဘို ကျေးရွာကုန်ထုတ်ဂဝံလမ်းဖြစ်ပေါ်လာမှုနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။ထို့ နောက်လက်ခိုက်ကျေးရွာအုပ်စုရပ်မိရပ်ဖ ဦးမြင့်ကြိုင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ တွံတေးခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်သက်ဦး၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်း၊လက်ခိုက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမျိုးကိုနိုင်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့လမ်းအားလှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
အဆိုပါ ကွန်ကရစ်လမ်း နှစ်လမ်းမှာ အရှည်ပေ (၃၅၀၀) ပေ၊ အကျယ် (၁၂) ပေ၊ အမြင့် မြေသား(၂)ပေဂဝံ(၉) လက်မထုရှိသည့် ဂဝံလမ်းများကို ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်တိုင်းဒေသကြီးဘတ်ဂျက်(၂၄၄.၅၅၀)သန်းဖြင့် ကျေလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကော့မှူးမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် နေထိုင်ကြသည့်ဒေသခံပြည်သူများသည် ယခင်ကလမ်းပန်း ဆက်သွယ်ရေးခက်ခဲမှုကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျကျန်ခဲ့သော် လည်း လက်ရှိအချိန်တွင်လမ်းပန်း ဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာပြီး ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းများ၊ တံတားများ တည်ဆောက်နေမှုကြောင့် ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည့်ဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်