Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျွန်းစုမြို့နယ်၌ ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ


09 Feb,2026

ကျွန်းစု ဖေဖော်ဝါရီ ၆

        တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ကဘင်ကျေးရွာအုပ်စု ကျောက်ပုံချောင်း-ကျွန်းတောင်လမ်းပေါ်ရှိ ကျေးရွာချင်းဆက် မူလပျက်စီးနေသော သစ်သားတံတားအား ပေ ၅၀ သံကူကွန်ကရစ်တံတား တစ်စင်းအား ကျပ်သန်း ၃၀၀ ဖြင့် တည်ဆောက်ခြင်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။

ကြည့်ရှုစစ်ဆေး

       အဆိုပါ သံကူကွန်ကရစ်တံတားကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်သန်း ၃၀၀ သန်းဖြင့် အရှည်ပေ ၅၀၊ အကျယ်ပေ ၂၀ သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်လျက်ရှိရာ အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်သည်။ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြိတ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာတို့က ဖေဖော်ဝါရီ ၃ ရက်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 ခိုင်ထူး(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်