Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တာချီလိတ်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး


09 Feb,2026

တာချီလိတ် ဖေဖော်ဝါရီ ၇

            ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဖေဖော်ဝါရီ ၄ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

            ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ စစ်ဆေးရေးအရာရှိချုပ် ဦးဇော်မျိုးထွေး၊ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျံလင်းနှင့် တာဝန်ရှိသူများသည် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၂၁၀ ဒသမ ၈၀၇ သန်းဖြင့် လွယ်တော်ခမ်းတံတား- အာဒီး - အာခါဆေးခန်း - ဗာလ- နာကျဲလမ်းဆောင်ရွက်နေမှု၊ ပြည်နယ်ရန်ပုံငွေကျပ် ၃၁၉ ဒသမ ၄၇ သန်းဖြင့် ဆောင်ရွက်သည့် မိုင်းဆတ်-တာချီလိတ်လမ်း(ဆန်ဆိုင်းမြို့ ပတ်လမ်း)အား မြေသားလမ်းခင်းခြင်းလုပ်ငန်းနှင့် ငွေကျပ် ၂၉ ဒသမ ၉ သန်းဖြင့် Box Culvert နှစ်စင်းဆောင်ရွက်နေမှု၊ ပြည်နယ်ရန်ပုံငွေကျပ် ၅၀ ဒသမ ၇၄၅ သန်း ဖြင့် ကျောက်စီမြေထိန်းနံရံ ဆောင်ရွက်နေမှု၊ ငွေကျပ် ၂၉ ဒသမ ၈၂ သန်းဖြင့် Box Culvert နှစ်စင်းတည်ဆောက်နေမှု၊ ပြည်နယ်ရန်ပုံ ငွေကျပ် ၃၁၆ ဒသမ ၄၉၉ သန်းဖြင့် ရန်ရှင်း- ဘာဘီး - ပန်တော်ချေ ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇင်မာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်