မိုင်းယောင်း ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ဖေဖော်ဝါရီ ၅ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ စစ်ဆေးရေးအရာရှိချုပ် ဦးဇော်မျိုးထွေး၊ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်းနှင့် တာဝန်ရှိသူများသည် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၂၄ ဒသမ ၃၂၅ သန်းဖြင့် ခန့်စည်ဖြိုးကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်သည့် ကျောက်လမ်းအရှည် (၀/၄)မိုင်၊ အကျယ် ၁၆ ပေ၊ ဒု ခြောက်လက်မရှိ ဝမ်ကောင်း-ဒွန်းကျိုင်း- ဝမ်ယွတ်- ဝမ်တုန်လမ်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ရန်ပုံငွေကျပ်သန်း ၉၈ ဒသမ ၆၉၀ ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် အရှည်ပေ ၃၀ ၊ အကျယ် ပေ ၂၀ ရှိ ဝမ်ခိုကဲ-ဟောင်ကျန့်-ဝမ်ကောင်း - ဝမ်တောင်းလမ်းပေါ်ရှိ ပေ ၃၀ ကွန်ကရစ်တံတား တည်ဆောက်ခြင်း (ပထမပိုင်း) လုပ်ငန်းနှင့် ပြည်ထောင်စုအထွေ ထွေပိုလျှံ GRF ရန်ပုံငွေကျပ် ၁၉၅ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဝမ်တပ်-နမ့်နော် အပေါ်လမ်းမြေသားချဲ့၍ ကျောက်ရောမြေ ဖြန့်ခင်းခြင်း (၂/၀)မိုင် လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်