ကျိုင်းတုံ ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဖေဖော်ဝါရီ ၉ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ စစ်ဆေးရေးအရာရှိချုပ် ဦးဇော်မျိုးထွေး၊ ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျံလင်းနှင့် တာဝန်ရှိသူများက ၃၁ မိုင် အာခါကြိုးတံတား ပေ ၁၅၀၊ နောင်ဆာ(ကချင်)ကျေးရွာ နမ့်နီ/နမ့်လုံကျေးရွာအုပ်စု နမ့်ခင်းကျေးရွာ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်း ပေ ၉၀၊ နောင်ကုန်-ပါလင်လမ်း (၀/၄)မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ဝမ်ဆိုင်း-ဝမ်ပုတ်ကောင်လမ်း (၀/၄.၂၇)မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ အော်ပျဲန်းကျေးရွာနှင့် ဝမ်တွန်းကျေးရွာကွန်ကရစ်ခင်းခြင်း (၀/၄.၂၇)မိုင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ အရည်အသွေးပြည့်မီစေရေး မှာကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်