Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပန်းတောင်းမြို့ စက်မှုလက်မှုကုန်ထုတ်သမဝါယမအသင်းသားများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး


18 Feb,2026

နေပြည်တော် ဖေဖော်ဝါရီ ၁၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့၊ ဖောင်းကန် ရပ်ကွက်သို့ သွားရောက်၍ ရွှေအိုး စက်မှုလက်မှုကုန်ထုတ်သမဝါယမအသင်းမှ အိုးလုပ်ငန်းလုပ်ကိုင် သော သမဝါယမအသင်းသားများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ရာ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ပန်တောင်းမြို့ ရွှေအိုး စက်မှုလက်မှုကုန်ထုတ်သမဝါယမအသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ မိုးစပါး၊ ဆောင်းသီးနှံမြေပဲ၊ ဒေသကြက်နှင့် အသားတိုးဝက်မွေးမြူနေ မှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ ပန်တောင်းမြို့ခရီးစဉ် လမ်း ညွှန်ချက်ဖြစ်သော သမဝါယမစနစ်ဖြင့် မြေထည်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး ရည် ရွယ်၍ ကွင်းဆင်းလာရောက်ခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအောက် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက သရက်လိန်းကျေးရွာအုပ်စု၊ သူရဲဇီးကျေးရွာတွင် ဇန်နဝါရီလ ၂၇ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ထိ ဝါးလက်မှုထည်သင်တန်းနှင့် အိုးလုပ်ငန်း အဆင့်မြှင့်တင်နိုင်ရေး အတွက် စဉ့်ရည်သုတ်လိမ်းခြင်း သင်တန်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်း ဖွင့်လှစ် ပေးခဲ့ပါကြောင်း၊ အသင်းသားများ၏ မိသားစုဝင်ငွေ တိုးပွားရေးအတွက် အိမ်မိုးအုတ်ကြွပ်များ ထုတ်လုပ်နိုင်ရေး လိုအပ်သည့် အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်ရရှိရေးနှင့် မြေနမူနာစမ်းသပ်မှု များကို မိမိတို့ဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အသင်းသားတောင်သူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော မျိုး၊ မြေ၊ ရေ၊ နည်း စသည့်စိုက်နည်းစနစ်များအတိုင်း လိုက်နာကျင့်သုံး၍ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ရရှိအောင် ကြိုးပမ်းစိုက်ပျိုးကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားကာ အသင်းသားများနှင့် ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရွှေအိုး စက်မှုလက်မှုကုန်ထုတ်သမဝါယမအသင်းမှ ထုတ်လုပ်ရောင်းချနေသော မြေထည်ပစ္စည်းများ၊ မြေအိုးပြုလုပ်ခြင်း၊ မီးဖုတ်ခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်ကို  လိုက်လံကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သဲကုန်းမြို့နယ်၊ ကန်နှစ်ဆင့်ကျေးရွာသို့ သွားရောက် ၍ စိုက်ပျိုးမွေးမြူရေး သမဝါယမအသင်းသားများ၊ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများ၊ သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး အသင်းသားတောင်သူများနှင့် ကျေးရွာသူကျေးရွာသားများ၏ ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးမွေးမြူရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းလုပ်ငန်းများထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်သို့ သွား ရောက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုအထွေထွေ ပိုလျှံရန်ပုံငွေဖြင့် သိုက်ဝါးချောင်းကျေးရွာအဝင်လမ်း အရှည် (၅.၆) ဖာလုံ ဂဝံကျောက်ခင်းခြင်းနှင့် မြေသားတာဘောင်ချဲ့ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သာယာဝတီမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကွမ်းခြံအင်းကျေးရွာ အုပ်စု၊ အရှေ့စုကျေးရွာ ကုန်ထုတ်လမ်း ပေ (၃၉၆၀) ဂဝံကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရှိ တောင်သူများ၏ စိုက်ပျိုးမြေဧက (၅၀၀) အတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေရေး၊ ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲ ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းကြရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်