Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


18 Feb,2026

နေပြည်တော် ဖေဖော်ဝါရီ ၅

     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့သည် ယနေ့ နံနက်ပိုင်းက အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီ တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် သမဝါယမ လုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၌ ကျေးရွာအုပ်စု ၈ အုပ်စု၊ ကျေးရွာ ၂၈ ရွာ မှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ကျေးရွာ ကျေးရွာမြစိမ်းရောင် စီမံကိန်း လုပ်ငန်းအဖွဲ့ ဝင်များ၊ သမဝါယမအသင်းသားများ၊ ပညာရေးဌာနမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွား စေရေး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင်ကုန်ထုတ် လုပ်မှုလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်စေရေး နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနမှ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများ ကို  အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသခံတောင်သူ များအနေဖြင့် စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမ အသင်းများ ဖွဲ့စည်းကာ စီးပွားဖြစ် လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် ပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေ လုံလောက်စွာ ရရှိသည့် နေရာများတွင် ဒေသနှင့် ကိုက်ညီသည့် သီးနှံ များ တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် ဆောင်ရွက်သည့် တောင်သူများအား လိုအပ်သည့် မျိုးကောင်းမျိုးသန့်၊ သွင်းအားစုများကို စိုက်ပျိုးချိန်မီရရှိရေး ပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျေးရွာတောင်သူများမှလည်း ပန်းတိုင်အထွက်နှုန်း ရရှိရေး ဆောင်ရွက်ရမည့် စိုက်ပျိုးရေးနည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားပါသည်။

      ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးရွာများရှိ အခြေခံပညာ အလယ်တန်းအဆင့် Grade-9 အောင်မြင်ပြီးသူများအနေဖြင့် ပုသိမ်၊ မကွေး၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး စသည့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများတွင် အခမဲ့တက်ရောက် နိုင်ကြောင်း၊ အဆိုပါ သင်တန်းကျောင်း တက်ရောက်ပြီးပါက ထူးချွန်သူများအနေဖြင့် သမဝါယမကောလိပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ဆက်လက်ပေါင်းကူး တက်ရောက်နိုင်မှာဖြစ်ကြောင်း၊ အိုးမကွာ၊ အိမ်မကွာဖြင့် မိသားစုဝင်ငွေ တိုးပွားရေးဆောင်ရွက် လိုသော အမျိုးသမီးများနှင့် ပညာရေး ဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှု မရှိခဲ့သည့် လူငယ်လူရွယ် များကိုလည်း အသက်မွေး ဝမ်းကျောင်းပညာရပ်များ သင်ကြားတတ်မြောက်စေပြီး အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်း ထူထောင်ဆောင်ရွက်နိုင်စေရန်အတွက် ကျေးရွာအရောက် သင်တန်းများ ဖွင့်လှစ် ပို့ချပေးလျက်ရှိပြီး သင်တန်းများဖွင့်လှစ်ပို့ချ ပြီးပါက သင်တန်းတွင် ထူးချွန်းသူများ အနက်မှ  အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့်သူများကို ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ၊ အရင်းအနှီးမတည်ငွေများ ထူထောင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များကို ဆွေးနွေးပြောကြားပြီးနောက် ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက် များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငပုတောမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်မည့် ကျေးရွာ(၂၃)ရွာ၊ အိမ်ခြေ(၄၈၈၁)၊ လူဦးရေ (၂၁၄၀၀) ကျော် အကျိုးပြုပေးနိုင်မည့် ကျုံကူး-ရေကျော်-ရေတွင်းကုန်း ကျေးရွာချင်းဆက် ကွန်ကရစ်တံတား တည်ဆောက်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ ဆွေးနွေးမှာကြားပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငပုတောမြို့နယ်၊ ရေကျော်အောက် ကျေးရွာသို့ သွားရောက်ရှိပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံရာ ပြည်ထောင်စု ဝန်ကြီးက ကျေးရွာရှိ အခြေခံပညာ အလယ်တန်းအဆင့် Grade-9 အောင်မြင်ပြီးသူများအား သမဝါယမစာရင်းရေး စာရင်းကိုင်သင်တန်း ကျောင်းများတွင် အခမဲ့တက်ရောက်နိုင်ကြောင်း၊ အသေးစားအလယ်စားကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သော နည်းပညာ သင်တန်းများ ကျေးရွာအရောက်ဆောင်ရွက် ပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက လိုအပ်သည့် အရင်းအနှီးမတည်ငွေများ ထူထောင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရေကျော်အောက် မွေးမြူရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက် အသင်းသားများအတွက် ပံ့ပိုးငွေများအားလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေများအားလည်းကောင်း အသီးသီး ပေးအပ်ကြပါသည်။

    ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမျှော် ကြည်ညိုကြပြီး အလှူတော်ငွေများ ပေးအပ် လှူဒါန်းကြပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငပုတောမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ရပ်ကွက် (၃)ရပ်ကွက်ရှိ အိမ်ခြေ (၂၇၇၄) အိမ်၊ လူဦးရေ (၁၂၄၀၀)ကျော် အကျိုးပြုပေးနိုင်မည့် ဟိုင်းကြီးကျွန်းမြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)၊ အမှတ်(၃) ရပ်ကွက်တို့အားဆက်သွယ်ပေးထားသည့် ကတ္တရာလမ်း ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စီမံကိန်းလုပ်ငန်းများ သတ်မှတ် ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက် သွားရန်၊ ဆောင်ရွက်ပြီးဖွံ့ဖြိုးရေး လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေး ကော်မတီအသီးသီးမှ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်