ရေဖြူမြို့နယ် ရေပုံးကျေးရွာ၌ စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုစစ်ဆေး
==================================
ရေဖြူ ဖေဖော်ဝါရီ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြိူ့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ရေပုံးကျေးရွာ၌ တိုင်းဒေသကြီးရန်ပုံငွေဖြင့် စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေး ကြကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာမြင့်နှင့် ဝန်ထမ်းများက ကျေးရွာသောက်သုံးရေရရှိရေးကော်မတီဝင်များနှင့် အတူ ရေပုံးကျေးရွာ၌ စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် အိမ်တိုင်ရာရောက်ရေမီတာတပ်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးကြပြီး မြို့နယ်ဦးစီးမှူးက ရေကော်မတီဝင်များအား ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်အသုံးပြုနိုင်ရေးနှင့် တစ်နှစ်ပတ်လုံး သောက်သုံးရေဖူလုံစေရေး စနစ်တကျသုံးစွဲကြရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ် ရေပုံးကျေးရွာ၌ အရှည် ၃ မိုင် ၄ ဖာလုံ ရှိသော စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် အိမ်တိုင်ရာရောက်ရေမီတာတပ်ဆင်ခြင်းလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေကျပ် ၇၃ ဒဿမ ၃၇ သန်းနှင့် ပြည်သူပူးပေါင်းပါဝင်မှုများဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါရေရရှိရေးလုပ်ငန်းများဆောင်ရွက်ခြင်းကြောင့် ကျေးရွာသူ/သားများ သောက်သုံးရေ လုံလောက်စွာရရှိသည့်အပြင် အိမ်တိုင်ရာရောက်စနစ်ဖြစ်၍ ရေခပ်ရန်အချိန်ကုန်သက်သာခြင်း၊ လူနေမှုအဆင့်အတန်းမြင့်မားလာခြင်း စသည်အကျိုးကျေးဇူးများစွာရရှိကြောင်း ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်