Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖျာပုံမြို့၌ ကျေးလက်ဖွံ့ဖြိုးရေး ကျေးရွာချင်းဆက်တံတားများ တည်ဆောက်နေမှု ကွင်းဆင်းစစ်ဆေး


18 Feb,2026

ဖျာပုံ ဖေဖော်ဝါရီ ၁၃

      ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၌ ကျေးရွာချင်းဆက် တံတားတည်ဆောက်နေမှုကို ယမန်နေ့က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဖျာပုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးမြင့်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

       ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေ၊ တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေတို့ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကုမ္ပဏီများက တာဝန်ယူဆောင်ရွက် လျက်ရှိသည့် အပြောင် - ကျီးနှစ်ပင်လမ်းပေါ်ရှိ အပြောင်ချောင်းကူးတံတား တည်ဆောက်နေမှုနှင့် ပဆင-သလိပ်ကြီး-တူးမြောင်း -ဂျိုဝါကြံခင်းလမ်းပေါ်ရှိ သလိပ်ကြီးတံတား မြေထိန်းနံရံဆောင်ရွက်ပြီးစီးမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

မြို့နယ် (ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်