မအူပင် ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မအူပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် စည်ပင်ကုန်း - ဘုရားကုန်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းနှင့် တိုင်းဒေသကြီး(ဖြည့်စွက်) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရေလဲကလေး − မလောင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက ဦးကျော်ကျော်ထွေး အင်ဂျင်နီယာချုပ်(မြို့ပြ)မှ လာရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားရန်နှင့် အပြီးသတ်လုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်သွားကြရန် မှာကြားပြီး ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မြို့နယ်ဦးစီးအရာရှိ(မြို့ပြ)တို့က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေနှင့် အပြီးသတ်စနစ်တကျဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် အင်ဂျင်နီယာချုပ်(မြို့ပြ) မှ လုပ်ငန်းများအား အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားကြောင်းသိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်