ကျိုက်လတ် ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိသည့် ကျေးရွာချင်းဆက်လမ်းများ ဆောင်ရွက်နေမှုကို ယမန်နေ့ မွန်းလွဲပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဖျာပုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးမြင့်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေ၊ တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေတို့ဖြင့် ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဘုံလုံချောင်း-ထိန်ကျွန်း-ဒရယ်ချို-အထက်ဆင်ကူး-အောက်ဆင်ကူး-ဖောင်ရိုးဆိပ် ကျေးရွာချင်းဆက်လမ်း ကျောက်ချောခင်းခြင်းနှင့် နတ်စဉ်ကျောင်းစုကျေးရွာအုပ်စု မဲဇလီကျေးရွာနှင့် ကျုံကလွတ်ကျေးရွာအုပ်စု အုန်းပင်စုကျေးရွာသို့ ဆက်သွယ်သောလမ်းကို မြေသားလမ်းဖောက်လုပ်ခြင်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်