Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကတ္တရာလမ်းသစ်ဖွင့်ပွဲကျင်းပ


18 Feb,2026

တောင်ကြီး ဖေဖော်ဝါရီ ၉

       ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် နောင်လေကျေးရွာအုပ်စု ညောင်ဝိုင်းကျေးရွာ မုခ်ဦး၌ ယနေ့နံနက်ပိုင်းတွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညောင်ဝိုင်း - မူယားလမ်း ၀/၃ မိုင် ကတ္တရာ လမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။

       ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း နှင့် ရှမ်းပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမျိုးမင်းသန့်တို့က ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိ သူများနှင့် အတူ လမ်းသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးသည်။

      ဆက်လက်၍ မူယားကျေးရွာမဏ္ဍပ်၌ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမှာစကား ပြောကြားပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက လမ်းနှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များကိုရှင်းလင်းတင်ပြသည်။

     အဆိုပါလမ်းသည် စုစုပေါင်း အရှည် ၁/၄ မိုင်၊ အကျယ် ၁၂ ပေရှိပြီး ကိုယ်ထူကိုယ်ထစနစ်ဖြင့် ယခင်မြေသားအဆင့်သာရှိပြီး ယခုကတ္တရာလမ်းအဖြစ် ၀/၃ မိုင် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ကြောင်းနှင့် ၂၀၂၅-၂၀၂၆ ပြည်နယ်ငွေလုံးငွေရင်းမှ ငွေကျပ် ၁၇၃ဒသမ၄၅၀ သန်း ကုန်ကျကြောင်းနှင့် လမ်းခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီးချင်း အလေးချိန် တန် ၂၀ အထိ ဖြတ်သန်းအသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

(၄၀၅)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်