Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရန်ကုန်-ပြည်လမ်းမှ ကျီးပင်အင်း-သင်တောရိုး ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်


18 Feb,2026

ရန်ကုန် ဖေဖော်ဝါရီ ၁၀

          ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေ/ ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေ Quick Win ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ရန်ကုန်-ပြည်လမ်းမှ ကျီးပင်အင်း-သင်တောရိုးသို့သွားသည့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါလမ်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

         မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အဆိုပါလမ်း ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ကျေးရွာ သုံးရွာ၊ လူဦးရေ ၂၆၀ဝ ကျော်နှင့် ယင်းဒေသရှိ လယ်ယာ ထွက်ကုန် စီးဆင်းမှုများကို များစွာအထောက်အကူပြုကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်