လပွတ္တာမြို့နယ် အမတ်ကလေးကျေးရွာ၌ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး
************************************
လပွတ္တာ ဖေဖော်ဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် အမတ်ကလေးကျေးရွာ၌ မြေသားရေကန်တူးဖော်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို တာ၀န်ရှိသူများ က ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လပွတ္တာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်နိုင်မိုး၊ လပွတ္တာမြို့နယ်ဦးစီးမှူး ဦးမြတ်ကျော်သူနှင့် အင်ဂျင်နီယာဝန်ထမ်းများ သည် အမတ်ကလေးကျေးရွာ သောက်သုံးရေရရှိရေးကော်မတီများနှင့်အတူ အလျား ၁၁၀ ပေ အနံ ၁၁ဝ ပေ အနက် ၃ ပေ ရှိသော မြေသားရေကန်တူးဖော်ခြင်း၊ အလျား ၁၆၀ ပေ အနံ ၁၆၀ ပေ အမြင့် ၅ ပေရှိသော ခြံစည်းရိုးကာရံခြင်းနှင့် လက်နှိပ်တုံကင် ၄ လုံး တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး မှုကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာရေကော်မတီဝင်များနှင့် ကျေးရွာသူ/သားများအား လုပ်ငန်းရေရှည်လည်ပတ်အသုံးပြုနိုင်ရေးအတွက် စနစ်တကျပြုပြင် ထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာ၌ မြေသားရေကန်တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရခွင့်ပြုငွေ ကျပ် ၁၈ သန်းဖြင့် လပွတ္တာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာ၀န်ယူ၍ ၂၀၂၅ ခုနှစ် ဧပြီလ တတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါ မြေသားရေကန် တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကြောင့် အမတ်ကလေးကျေးရွာရှိ အိမ်ခြေ ၂၃၀ အိမ်မှ လူ ၁၀၁၉ ဦးအတွက် သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာ ရရှိပြီဖြစ်ကြောင်း လပွတ္တာမြို့နယ်ဦးစီးမှူး ဦးမြတ်ကျော်သူက ပြောပြ၍ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်