တိုက်ကြီးမြို့နယ် အိုင်ကလောင်ကျေးရွာကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး
******************************
တိုက်ကြီး ဖေဖော်ဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာသားငါး ထွက်ကုန်/ထုတ်ကုန်များနှင့် ရာသီပေါ်သီးနှံများအား ဈေးကွက်သို့ ကုန်ကျစရိတ်သက်သာစွာဖြင့် လွယ်ကူချောမွေ့စွာ တင်ပို့နိုင်ရန် အတွက် တိုက်ကြီးမြို့နယ်၊ အိုင်ကလောင်ကျေးရွာ၌ ကုန်ထုတ်လမ်းတံတားတည်ဆောက်ခြင်းလုပ်ငန်း များ ဆောင်ရွက်နေမှုကို တာ၀န်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုက်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်၊ တိုက်ကြီးမြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ နှင့် အင်ဂျင်နီယာဝန်ထမ်း များသည် အိုင်ကလောင်ကျေးရွာ ကုန်ထုတ်လမ်းတံတားဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ကုန်ထုတ်လမ်းအရှည် ၁ မိုင် ၁ ဒသမ ၅၄၅ ဖာလုံ လမ်းအကျယ် ၁၂ ပေ ထု ၂ ပေ ၉ လက်မ မြေသားခင်းခြင်းနှင့် ဂဝံကျောက်ခင်းခြင်း၊ အဆိုပါကုန်ထုတ်လမ်းပေါ်၌ အလျား ၆ ပေ အနံ ၂၀ ပေ အမြင့် ၆ ပေရှိသော Box Culvert ၃ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက တင်ဒါရကုမ္ပဏီမှ လုပ်ငန်းတာဝန်ခံအား လုပ်ငန်းများကို စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်တွန်းအားပေးဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကုန်ထုတ်လမ်းတံတားလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေကျပ် ၄၁၁ ဒသမ ၄၂ သန်းဖြင့် တိုက်ကြီးခရိုင်နှင့် တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် Han Thiri Construction Co.,Ltd မှ တာဝန်ယူ၍ ၂၀၂၅ ခုနှစ် ဇူလိုင်လ ပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ၈၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက အိုင်ကလောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၁ ရွာမှ လယ်ယာစိုက်ပျိုးရေးဧက ၆၅၀ တွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိသော ဒေသထွက်ကုန်သီးနှံများကို ရာသီမရွေး လွယ်ကူချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း တိုက်ကြီးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်