"သာပေါင်းမြို့နယ် သရက်အုပ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး"
သာပေါင်း၊ဖေဖော်ဝါရီလ ၂၁
ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်၊ကျေးလက်နှင့်မြို့ပြကွာဟမှုကိုလျော့ချနိုင်စေရန်ရည်ရွယ်၍ သရက်အုပ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ် ဦးစီးမှူးဒေါ်တင်တင်နွယ် နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ သရက်အုပ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ချေးငွေစာချုပ်ပါအတိုင်းအမှန်တကယ်လုပ်ငန်းဆောင် ရွက်မှုရှိ၊မရှိကိုလည်းကောင်း ၊စာရင်းဇယားများဆောင် ရွက်ထားရှိမှု အခြေအနေများကိုလည်း ကောင်းကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သရက်အုပ်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၄ဦးကို ငွေကျပ် ၁၀၈ သိန်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကိုငွေကျပ် ၆သိန်း၊ရေလုပ်ငန်းလုပ်ကိုင်သူ ၂၈ဦးကို ငွေကျပ် ၁၈၉သိန်း၊အရောင်း အဝယ်လုပ်ငန်းလုပ်ကိုင်သူ၁၁ဦးကိုငွေကျပ် ၈၇သိန်း၊အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူခြောက်ဦးကို ၄၆သိန်း၊စုစုပေါင်း အသင်းသား၊အသင်းသူ ၆၀ဦးတို့အားမြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်၄၃၆သိန်း ထိထုတ်ချေးပေးထားပြီး စီမံကိန်း လုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်းသာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ်က ပြောပြ၍ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်