ကော့မှူး ဖေဖော်ဝါရီ ၁၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(တည်ဆောက်ရေး) ဒေါက်တာ ထွန်းမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်စန်းစန်းအေးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်း ကော့မှူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပျဉ်းကတိုး-ချောင်းဝလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု မြေပြင်အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလတွင် ပြီးစီးနိုင်ရေး မှာကြားသည်။
ပိုမိုမြင့်မားလာမည်
အဆိုပါ ပျဉ်းကတိုး - ချောင်းဝလမ်း အရှည် ပေ ၂၆၄၀၊ အကျယ် ၁၂ ပေ၊ ဒု ခုနစ်လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာသူ ကျေးရွာသားများအတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးအစရှိသည့် လူမှုစီးပွားဘဝ ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်