Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လှိုင်းဘွဲမြို့နယ်၌ သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံ(မြေပဲ) နှုတ်သိမ်းနေမှု ကွင်းဆင်းကြည့်ရှု့


23 Feb,2026

ကရင် ဖေဖော်ဝါရီ  ၂၀

ကရင်ပြည်နယ်အတွင်း လှိုင်းဘွဲမြို့နယ်၌ သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံ(မြေပဲ) စိုက်ပျိုးရေးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော ကပ္ပလီကျေးရွာရှိ ကပ္ပလီ(ရွှေဂွန်း) စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းက မြေပဲစိုက်အသင်းသားတောင်သူ(၆၄)ဦး၏ စိုက်ပျိုးထားသော ဆောင်းဆီထွက်သီးနှံ(မြေပဲ) စိုက်ဧက(၄၀၀) မြေပဲနှုတ်သိမ်းနေမှုအား ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဒေါ်အေးပွင့်နှင့် တာဝန်ရှိသူများက  ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဦးစီးမှူးက ဆောင်းမြေပဲစိုက်အသင်းသားတောင်သူ များနှင့်တွေ့ဆုံကာ ဆောင်းဆီထွက်သီးနှံ(မြေပဲ)နှုတ်သိမ်းနေမှုနှင့် မြေပဲနှုတ်သိမ်းချိန်တွင် အလေအလွင့် မရှိစေရေး၊ မြေပဲတောင့်များ ထိခိုက်ကွဲအက်မှုမရှိစေရေးတို့အတွက် စနစ်တကျ ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး မြေပဲအထွက်နှုန်းမှာ (၁)ဧကလျှင် မြေပဲ(၇၅)တင်း ထွက်ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်