စဉ့်ကိုင် ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် သမဝါယမဦးစီးဌာန၊ သမဝါယမအသင်းစု(လီမိတက်)၏ အစည်းအဝေးခန်းမ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုဥက္ကဌ သဘာပတိ ဦးစိန်သောင်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးက လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် အတွင်းရေးမှူး ဦးသိန်းမြင့်က အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကြူက အသင်း၏ လုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်သမဝါယမ အသင်းစု ဒါရိုက်တာအဖွဲ့၏ အမှုဆောင်တစ်ဦးမှ မြို့နယ်သမဝါယမအသင်းစု၏ လုပ်ငန်း အစီရင်ခံစာ ရှေ့လုပ်ငန်းစဉ်များအား ဖတ်ကြားတင်ပြသည်။
ယင်းနောက် သဘာပတိကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာရေးရှင်းတမ်း များနှင့် အမှုဆောင်အဖွဲ့ အစီရင်ခံစာ ရှေ့လုပ်ငန်းစဉ်များအား အသင်းဝင် ကိုယ်စားလှယ်များ ထံမှ အတည်ပြုချက်ရယူခဲ့ပြီး အခြေခံသမဝါယမ အသင်းများထံသို့ မြို့နယ်စု အစုပေါ်အမြတ် ငွေကျပ် ၃၇ သိန်းကျော်ကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ကျော်စွာ(စဉ့်ကိုင်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်