Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ တက္ကသိုလ်တည်ထောင်သည့်(၁၄)နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနား ကျင်းပ


21 Feb,2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၁၁.၂.၂၀၂၆)နေ့၊ နံနက်(၆း၃၀) နာရီအချိန် ၌ တက္ကသိုလ်တည်ထောင်သည့် (၁၄)နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနား ပထမပိုင်း အစီအစဉ်အဖြစ် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို တိလောကမာရဇိန် ဆုတောင်းပြည့်မြတ်စွာ ဘုရားဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (စီမံ)၊ အုပ်ချုပ်မှုဌာနများဖြစ်သော စီမံရေးရာဌာန၊ သင်တန်းရေးရာဌာနနှင့် သုတေသနနှင့်ဖွံဖြိုးမှုဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးရာဌာနများမှ ပါမောက္ခ (ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ/ကထိက(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၊ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ရွှေသမားကျောင်းတိုက်ဆရာတော် အမှူးပြုသည့် သံဃာတော် အရှင်သူမြတ်များအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)တို့နှင့် တက္ကသိုလ်မိသားစုဝင်များမှ မုန့်ဟင်းခါး၊ အချိုပွဲများဖြင့် အာရုံဆွမ်း ဦးစွာ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ၄င်းနောက် သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ် ချီးမြှင့်ပေးခြင်း၊ သံဃာတော်အရှင်သူမြတ်များအား သင်္ကန်းအစရှိသောလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ခြင်းနှင့် ရေစက်သွန်းချအမျှဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနား ပထမပိုင်းအစီအစဉ် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ 
ထို့နောက် ကြွရောက်လာကြသည့် ဧည့်သည်တော်များ၊ ဆရာ/ ဆရာမများနှင့် ဝန်ထမ်း မိသားစုဝင်များအား မုန့်ဟင်းခါးဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

ဒုတိယပိုင်းအစီအစဉ် ဆုပေးပွဲအခမ်းအနားကို မြစံပယ်အမျိုးသမီးဆောင်၌ နံနက်(၁၀း၀၀)နာရီတွင် တက္ကသိုလ်တည်ထောင်သည့်(၁၄)နှစ်မြောက် အထိမ်းအမှတ်နေ့ ဆုပေးပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (စီမံ)၊ အုပ်ချုပ်မှုဌာနများဖြစ်သော စီမံ ရေးရာဌာန၊ သင်တန်းရေးရာဌာနနှင့် သုတေသနနှင့်ဖွံဖြိုးမှုဌာနများမှ ဌာနမှူးများ၊ သင်ကြားရေးရာ ဌာနများမှ ပါမောက္ခ(ဌာနမှူး)များ၊ တွဲဖက်ပါမောက္ခ/ကထိက(ဌာနမှူး) များ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ 

ပါမောက္ခချုပ် ဆရာမကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် “တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများအနေဖြင့် စည်းလုံးပျော်ရွှင်စွာ တက္ကသိုလ်၏ အစဉ်အလာကောင်းများ ကို ဆက်လက်ထိန်းသိမ်းသွားကြရန် မှာကြားလိုကြောင်း၊ ယနေ့အချိန်အထိ တက္ကသိုလ်တွင် တာဝန် ထမ်းဆောင်လျက်ရှိသူ အမှုထမ်း(၁၃၆)ဦး၊ အရာထမ်း(၁၀၉)ဦး၊ စုစုပေါင်း(၂၄၅)ဦး ရှိနေပြီဖြစ်ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင်  စုစုပေါင်း ကျောင်းသား၊ ကျောင်းသူဦးရေ (၁၄၁၉)ဦး တက်ရောက်ပညာ သင်ကြားလျက် ရှိပြီဖြစ်ပါကြောင်း၊ တက္ကသိုလ်တည်ထောင်သည့်ခုနှစ်မှ ယနေ့ထိ တက္ကသိုလ်အနေဖြင့် Bachelor ဘွဲ့(၄၁၈၃)ဦး၊ Post Graduate Diploma ဘွဲ့ (၈၄)ဦး၊ Master ဘွဲ့(၁၀၄)ဦး၊ စုစုပေါင်း (၄၃၇၁)ဦးကို ပေးအပ်ခဲ့ပြီ ဖြစ်ပြီး မကြာမီကာလတွင် ပါရဂူဘွဲ့ပေးအပ်နိုင်ရေးအတွက် ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများအနေဖြင့် ၂၀၁၇ ခုနှစ် မှ ၂၀၂၆ ခုနှစ် ထိ အစိုးရဌာနတွင် လုပ်ကိုင်သူ (၅.၁၁)%၊ ကုမ္ပဏီနှင့် ဘဏ်တွင် လုပ်ကိုင်သူ (၂၀.၃)%၊ ကိုယ်ပိုင် စီးပွားရေးလုပ်ကိုင်သူ (၇.၉၁)%၊ Small Business များ၊ နိုင်ငံခြားသွားသူများနှင့် အခြားလုပ်ငန်းများတွင် လုပ်ကိုင်သူ (၆၇)% ရှိပြီးဖြစ်ပါကြောင်း၊ တက္ကသိုလ်အနေဖြင့် သင်ကြားရေးဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ နှင့် ဘွဲ့ကြို၊ ဘွဲ့ရ ကျောင်းသားကျောင်းသူများ အပြန်အလှန်ဖလှယ်ရန်၊ ဆရာ၊ ဆရာမများ အတွက် Scholarship နှင့် ကျောင်းသား၊ ကျောင်းသူများ အတွက် Double Degree Program များရရှိရေး ဆောင်ရွက်ရန်၊ သင်ကြားလေ့ကျင့်မှုနယ်ပယ်များနှင့် ပညာရေးဆိုင်ရာ နယ်ပယ်များတွင် သင်ကြားရေး နည်းလမ်းများနှင့် သတင်းအချက်အလက်များ ဖလှယ်၍ ပူးပေါင်းဆောင်ရွက်ရန်၊ သုတေသီများနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ ပညာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ပူးပေါင်း ဆောင်ရွက်ရန်တို့အတွက် Korea နိုင်ငံရှိ Korea Myanmar Research Association (KOMYRA)နှင့် Sunchon National University တို့နှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါကြောင်း၊ ဘွဲ့ကြိုဘွဲ့ရ ကျောင်းသား၊ ကျောင်းသူ အပြန်အလှန် ဖလှယ်ခြင်းအစီအစဉ်အနေဖြင့် ကျောင်းသူ(၂)ဦးမှာ Sunchon National University တွင် ပညာဆည်းပူးခဲ့ပါကြောင်း၊ တက္ကသိုလ် သင်ကြားရေးဌာန(၁၁)ခုမှ မိမိတို့၏ သက်ဆိုင်ရာဘာသာရပ်အလိုက် ရေးသားတင်သွင်းထားသည့် လူမှုအဖွဲ့အစည်းအကျိုးပြုနှင့် ဘာသာရပ်အကျိုးပြုသုတေသန စာတမ်းပေါင်း(၂၃၇)စောင် ထုတ်ဝေခဲ့ပြီး ဖြစ်ပါကြောင်း၊ သုတေသီများနှင့် သုတေသနလုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်း အစီအစဉ်အနေဖြင့် ယနေ့ထိ International Journal နှင့် International Conference စာတမ်းစုစုပေါင်း (၄၂)စောင် ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်ပါကြောင်း၊ ဒေသတွင်းအလုပ်အကိုင်ရရှိရေးနှင့် သင်ကြားသင်ယူမှုမြင့်မားစေရန် HRD သင်တန်းများဖြစ်သည့် MAR, MPA, MBA, နှင့် Dip.HRM သင်တန်းများကို LMS (Online) စနစ်ဖြင့် ဖွင့်လှစ်လျက်ရှိပြီး MAR (၁၉)ဦး၊ MPA (၆၆)ဦး၊ MBA (၁၁၆)ဦး၊ Dip.DS (၃၆)ဦးနှင့် Dip.HRM (၁၀၇)ဦး ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုပညာသင်နှစ်မှ စ၍ MFM, MDev သင်တန်းများ ထပ်မံတိုးချဲ့ ဖွင့်လှစ်လျက်ရှိပြီး HRD Master Program (၅)ခုနှင့် Dip.HRM သင်တန်းမှာ ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း (၉၈၃)ဦး ပညာသင်ယူလျက်ရှိပါကြောင်း၊ တက္ကသိုလ်မှ ချမှတ်ထားသော မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ ကျေးလက်နေ ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရည်အချင်း ပြည့်ဝသော လူမှုစီးပွားရေးပညာကျွမ်းကျင်တတ်မြောက်သည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်  ပေးရန် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများအနေဖြင့် စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက် သွားကြပါရန် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအစီအစဉ်ကျင်းပရာ တိုင်းဒေသကြီးအဆင့် ဇေယျာထူးချွန်ဆု (ပထမဆင့်) ရရှိသည့် ပါမောက္ခချုပ်အား ဒုတိယပါမောက္ခချုပ်(စီမံ)မှလည်းကောင်း၊ ပါမောက္ခချုပ်မှ ဇေယျာထူးချွန်ဆု(ပထမဆင့်) ရရှိကြသည့် ဒုတိယပါမောက္ခချုပ်(သင်ကြား)နှင့် ပါမောက္ခ(ဌာနမှူး)(၂)ဦးတို့အား လည်းကောင်း တက္ကသိုလ်ကိုယ်စား ဂုဏ်ပြုမှတ်တမ်းနှင့်ဆုကြေးငွေများ ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ပါမောက္ခချုပ်မှ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံး/ကဗျာပြိုင်ပွဲဆု ရရှိသည့် ကျောင်းသူ (၅)ဦးတို့အား လည်းကောင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ)မှ (၃)နှစ်နှင့်အထက် မည့်သည့်ခွင့်မှ ခံစားခဲ့ခြင်းမရှိသည့် အရာထမ်း(၁)ဦး၊ အမှုထမ်း(၉)ဦးနှင့် ၂၀၂၅ ခုနှစ်အတွင်း မည်သည့်ခွင့်မျှခံစားခြင်းမရှိသည့် အရာထမ်း(၆)ဦးအား လည်းကောင်း၊  ဌာနမှူး၊ စီမံခန့်ခွဲရေးဌာနမှ ၂၀၂၅ ခုနှစ်အတွင်း မည့်သည့်ခွင့်မှ ခံစားခဲ့ခြင်းမရှိသည့် အမှုထမ်း(၄)ဦးနှင့် အရိုးသားဆုံး ဆုရရှိသည့် ဝန်ထမ်း(၅)ဦးတို့အား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုကြေးငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး နံနက် (၁၁း၀၀)နာရီအချိန်တွင် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တက္ကသိုလ်တည်ထောင်သည့် (၁၄)နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်