Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကွမ်းခြံကုန်းမြို့နယ်၌ ကျေးလက်လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


21 Feb,2026

ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၁၉

           ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးဇော်မိုးဦး၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်စမ်းစမ်းအေးနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

       ကွမ်းခြံကုန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံး ငွေရင်း)ရန်ပုံငွေဖြင့် ကုမ္ပဏီမှ ဆောင်ရွက်သည့် မဲဇလီစမ်း- သပြုစမ်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများအား လာရောက်ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

         အဆိုပါ မဲစလီစမ်း-သပြုစမ်းလမ်းမှာ အရှည် ၄၄၀၉ ပေ၊ အကျယ် ၁၂ ပေ၊ ဒု ခုနစ်လက်မ ရှိပြီး လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကျေးရွာများမှ ပြည်သူ များအတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည့် လူမှုစီးပွားဘဝများ ပိုမိုမြင့်မားသွားမည်ဖြစ် ကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်