မြို့သစ်မြို့နယ် ကြို့ပင်သာ(နေပြည်တော်-မြို့သစ်-ကံပြား)လမ်းအား ကျောက်ရောမြေခင်း၍ ပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
************************************************************************
မြို့သစ် ဖေဖော်ဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု(ပြင်/ထိန်း)ရန်ပုံငွေဖြင့် ကြို့ပင်သာ(နေပြည်တော်-မြို့သစ်-ကံပြား) လမ်းအား ကျောက်ရောမြေခင်း၍ ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ဖေဖော်ဝါရီ ၂၁ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံအင်ဂျင်နီယာ(မြို့ပြ) ဒေါ်လဲ့လဲ့ခိုင်နှင့် ဝန်ထမ်းများက ကြို့ပင်သာ(နေပြည်တော်-မြို့သစ်-ကံပြား)လမ်းအား ကျောက်ရောမြေခင်း၍ ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
အဆိုပါ အရှည်ပေ လေးဖာလုံ၊ အကျယ် ၁၈ပေ၊ ထု ခြောက်လက်မရှိ ကြို့ပင်သာ (နေပြည်တော်-မြို့သစ်-ကံပြား)လမ်းအား ကျောက်ရောမြေခင်း၍ ပြုပြင်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု(ပြင်/ထိန်း)ရန်ပုံငွေကျပ် ၁၉ ဒသမ ၆၄သန်း အသုံးပြုကာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ၍ ၂၀၂၆ခုနှစ် ဇန်နဝါရီ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့သစ် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်