Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပျဉ်းမနားမြို့နယ်၊ မြို့နယ်သမဝါယမအသင်းစုပိုင်ဘက်စုံခြံရှိ ငါးမွေးမြူရေးကန်ရှင်းလင်းမှုနှင့် ရုရှားနေကြာစိုက်ပျိုးထားမှုအား ကွင်းဆင်းကြည့်ရှု


23 Feb,2026

ပျဉ်းမနား ‌ဖေဖော်ဝါရီ  ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာရှိ မြို့နယ်သမဝါယမအသင်းစုပိုင် ဘက်စုံခြံတွင် ငါးမွေးမြူရေးကန်ပတ်လမ်းနှင့် ငါးကန်ရှင်းလင်း ဖော်‌ဆောင်ထားမှုနှင့် ရုရှားနေကြာ(Makhaon၊ Vulkan၊ Ippolit )များ ပန်းပွင့်ကာလဖြစ်သည့် အတွက် ပျားပုံးများချထားမှုအခြေအနေများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ပြည့်စိုးနှင့် တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ငါးကန်များရှင်းလင်းမှုအား သတ်မှတ်ရက်အတွင်း အမြန်ပြီးစီးအောင်ဆောင်ရွက်၍ ဒေသနှင့်ကိုက်ညီသည့် ငါးမျိုးများအား မွေးမြူ၍ အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်နှင့် ကန်ပတ်လမ်းတလျှောက် သီးပင်စားပင်များကို စနစ်တကျ စိုက်ပျိုးရန်မှာကြားပြီး ရုရှားနေကြာများ အထွက်နှုန်းကောင်းမွန်မှုရှိစေရေး စနစ်တကျ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

နေပြည်တော်ကောင်စီနယ်မြေ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်