Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အထွေထွေလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းစစ်ဆေး


23 Feb,2026

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးအောင်သူရသည် ပဲခူးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်း အဆင့်ဆင့်တို့မှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပြည်တွင်းသားငါးကဏ္ဍ ပြည့်မီစေရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ဥဿာငါးမွေးမြူရေးလုပ်ငန်းသမဝါယမအသင်း နေဝန်းနီ ငါးမွေးမြူရေးလုပ်ငန်းသမဝါယမအသင်းတို့မှ မွေးမြူထားရှိသော ငါးကြင်း၊ ငါးမုတ်၊ ငါးတန် စသည့် ငါးကောင်ရေ ၉၀၀၀၀၀ ကျော် မွေးမြူထားရှိမှုနှင့် နေ့စဉ်ထုတ်လုပ်ရောင်းချမှုအခြေအနေများ၊ ဒေသကြက် ကောင်ရေ ၅၅၀၀ မွေးမြူထားရှိမှုအခြေအနေများနှင့် ထပ်မံတိုးချဲ့ မွေးမြူမည့် အခြေအနေများအပေါ်  ကြည့်ရှုစစ်ဆေး၍ လိုအပ်သည့် ကောင်းမွန်သော ရေနေသတ္တဝါကျင့်စဉ်နှင့် အညီမွေးမြူနိုင်ရေး၊ စံချိန်စံနှုန်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ မွေးမြူနိုင်ရေး၊ ရောဂါကျရောက်မှု ကာကွယ်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီး မယင်း စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ နွေစပါးစိုက်ဧက ၁၅၀ အနက် ရေဆင်းပေါ်ဆန်း-၂ စပါးမျိုးစေ့ထုတ် ၂၃ ဧက စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ အသင်းသားတောင်သူများနှင့်တွေ့ဆုံ၍ မျိုးကောင်း မျိုးသန့်ထုတ်လုပ်နိုင်ရေး၊ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ လိုအပ်သောသွင်းအားစုများကို အချိန်ကိုက် ထည့်သွင်းစေရေး ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ ယင်းနောက် ပေါက်တောအရှေ့ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ ဆောင်းမြေပဲစိုက်ခင်း ၁၁၅ ဧက စိုက်ပျိုးထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်