Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူများ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ Global Earth Agro & Aqua Industry Public Co.,Ltd သို့ လေ့လာရေးခရီးသွားရောက်ခြင်း


23 Feb,2026

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း ဦးဆောင်၍ သင်တန်းရေးရာဌာနမှ ဌာနမှူးနှင့် မော်ကွန်းထိန်း၊ အထူးပြု ဘာသာရပ်ဌာနများမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများ၏ ကြီးကြပ်မှုဖြင့်၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စတုတ္ထနှစ် သင်တန်းများ မှ ကျောင်းသား၊ ကျောင်းသူများသည် ၂၁-၂-၂၀၂၆ ရက် (စနေနေ့) တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ Zero Waste စနစ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် Global Earth Agro & Aqua Industry Public Co., Ltd သို့ Industry Visit လုပ်ငန်းခွင်လေ့လာရေးခရီးသွားရောက်ခဲ့ပါသည်။ အဆိုပါလေ့လာရေးခရီးတွင် Global Earth Agro & Aqua Industry Public Co., Ltd (GEAAI) ဥက္ကဋ္ဌ ဦးဌေးမြင့်နှင့်  တာဝန်ရှိသူများက စပါးခွံလောင်စာကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်စက်ရုံ၊ ငါးအစာတောင့်စက်ရုံ၊ ငါးအသားဖောက်ခြင်း၊ ငါးမွေးမြူခြင်းလုပ်ငန်း၊ ငါးအသားလွှာ ပြုလုပ်ခြင်းနှင့် အေးခဲခြင်းစက်ရုံ၊ စက်ရုံ (၄)ရုံရှိ လုပ်ငန်းခွင်များ အကြောင်း ရှင်းလင်းပြောကြား ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စက်ရုံများရှိလုပ်ငန်းခွင်များအတွင်း လက်တွေ့လေ့လာခွင့် ရရှိခဲ့ပါသည်။ 
လေ့လာရေးခရီးသွားရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လက်တွေ့ လုပ်ငန်းခွင်နှင့် ချိတ်ဆက်မှုရရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ခြင်း၊ တက္ကသိုလ်တွင် သင်ကြားနေသော ဘာသာရပ်များနှင့် လုပ်ငန်းခွင်ချိတ်ဆက်လေ့လာခွင့်ရရှိခြင်းနှင့် သုတေသန ဆောင်ရွက်လိုသူများအတွက် လက်တွေ့နယ်ပယ်မှ Case Study ကောင်းတစ်ခုအဖြစ် လေ့လာ နိုင်သည့် အခွင့်အလမ်းများရရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။ ထိုလေ့လာရေး ခရီးသို့ ပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများ (၂၃)ဦးနှင့် အထူးပြု ဘာသာရပ် (၅)ခုမှ စတုတ္ထနှစ်ကျောင်းသား၊ ကျောင်းသူ (၁၃၅)ဦး၊ စုစုပေါင်း(၁၅၈)ဦးတို့ ‌လေ့လာရေးခရီး သွားရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်