Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စံနမူနာပြ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ


24 Feb,2026

နေပြည်တော် ဖေဖော်ဝါရီ  ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၆)၏ ရုံးအရှေ့ဘက် မြေဧက သုံးဧကပေါ်တွင် Rainbow ဝန်ဆောင်မှုသမဝါယမအသင်းလီမိတက်မှ စံပြစက်မှုလယ်ယာ ဖော်ထုတ်၍ မိုးရာသီ၌ GW-11 စပါးမျိုးများကိုလည်းကောင်း၊ ဆောင်းသီးနှံအဖြစ် ရုရှားနေကြာ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုတ်စသည်တို့ကို မျိုးကောင်းမျိုးသန့်များရွေးချယ်ကာ ရုရှားမြေဩဇာနှင့် သဘာဝမြေဩဇာများအသုံးပြု၍ နှစ်စဉ်စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။

ထို့ပြင် အသားတိုးကြက်ကောင်ရေ ၁၁၀၀ ကိုလည်း မွေးမြူထားရှိပြီး ထွက်ရှိလာသော သီးနှံများနှင့် အသားငါးများကို ဝန်ထမ်းများ၊ အသင်းသူ/အသင်းသားများ သက်သာချောင်ချိစွာ စားသုံးနိုင်ရေးအတွက်သာမက စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေသော သမဝါယမ အသင်းများအတွက်  စံနမူနာအဖြစ် အတွေ့အကြုံကောင်းများရယူနိုင်စေရန် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်