Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုက်ကြီးမြို့နယ်၌ နွေစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား စိုက်ပျိုးချိန်အမီ သွင်းအားစုများ ပံ့ပိုးပေးအပ်


23 Feb,2026

တိုက်ကြီး ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် မြို့နယ်သမဝါယမဦးစီးဌာနက နွေစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများအား စိုက်ပျိုးချိန်အမီ ပံ့ပိုးပေးအပ်လျက်ရှိသည်။

မြို့နယ်သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုမှ တာဝန်ရှိသူများအနေဖြင့် ယခုနှစ် နွေစပါး စိုက်ပျိုးရာသီတွင် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရန်နှင့် အဖျက်ပိုးမွှားအန္တရာယ်မှ ကာကွယ်နိုင်စေရန် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ အသီးအပွင့်အားတိုးဆေးများနှင့် သွင်းအားစုများအား နည်းစနစ်မှန်ကန်စွာဖြင့် စံချိန်စံညွှန်းများအတိုင်း အသုံးပြုနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လိုအပ်သည့်သွင်းအားစုများကို ကျေးရွာများရှိ နွေစပါးစိုက်တောင်သူများ၏ လက်ဝယ်အရောက် ပံ့ပိုးပေးခဲ့သည်။

တိုက်ကြီးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစီမံကိန်းတွင် အသင်း ၂၅ သင်း၊ အသင်းသား ၃၃၉ ဦး၊ လယ်ဧက ၂၇၂၂ ဧက၊အား ဆောင်ရွက်နိုင်ခဲ့ပြီး ယခုနှစ် နွေစပါးစီမံကိန်းတွင် အသင်း ၂၀ သင်း၊ အသင်းသား ၁၄၀ ဦး၊ လယ်ဧက ၁၀၀၀ အား ဆက်လက်လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

ဝတ်ရည်(ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်