Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အောင်မြေသာစံမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ


23 Feb,2026

မန္တလေး ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁၀နာရီက ၈၆လမ်း၊ ၂၁×၂၂လမ်းကြား၊ ပုလဲငွေရာင်ရပ်ကွက်ရှိ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံးတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ငွေစုငွေချေးသမဝါယမအသင်း လိမိတက်ဥက္ကဋ္ဌ သဘာပတိ ဦးစောထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ(မြို့နယ်) ဒေါ်ဖြူဖြူသန့်က အမှာစကားပြောကြားသည်။

ထို့နောက် ၂ဝ၂၄ - ၂ဝ၂၅ ဘဏ္ဍာရေးနှစ်၏ရှေ့လုပ်ငန်းစဉ်များအားအတွင်းရေးမှူး ဦးမြလင်းက ဖတ်ကြားတင်သွင်းပြီးဘဏ္ဍာရေးရှင်းတမ်းအား စာရင်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးစီးမှူး ဦးနေထွန်းမင်းက ဖတ်ကြားတင်သွင်းကာ သဘာပတိက ဘဏ္ဍာရေးရှင်းတမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား အသင်းသားများထံမှ အတည်ပြုချက်ရယူပြီး တက်ရောက်လာသည့် အသင်းဝင်များက နားမလည်သည်များ မေးမြန်းခြင်းနှင့်ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

ဆက်လက်၍ အစုပေါ်အမြတ်ငွေ ၁၁ သိန်း၊ စုဆောင်းငွေပေါ်အတိုး ၅၈၄ သိန်း၊ အသင်းသားထောက်ပံ့ငွေကျပ်သိန်း ၁၁၀ တို့ကို  မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အသင်းသားများထံ ပေးအပ်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်