Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချမ်းအေးသာစံမြို့နယ်၌ မြို့နယ်သမဝါယမအသင်းစု၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


23 Feb,2026

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၁

ချမ်းအေးသာစံမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက် မြို့နယ်သမဝါယမအသင်းစုရုံး၌ ကျင်းပသည်။

ဦးစွာ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ သဘာပတိဦးဝင်းမြင့်က အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုဝေဝေထွန်း၊ တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ ဥက္ကဋ္ဌ ဦးထွန်းလှိုင်၊ မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမာဋ္ဌေးတို့က အမှာစကားပြောကြားသည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မတ် ၃၁ ရက်အထိ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေမှုစာရင်းများ၊ မြို့နယ်သမဝါယမအသင်းစု ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ နှင့် ရှေ့လုပ်ငန်းစဥ်များနှင့်  အသင်းစာရင်းစစ်အဖွဲ့၏ အစီရင်ခံစာများအား ဖတ်ကြားသည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးရှင်းတမ်းနှင့် ရှေ့လုပ်ငန်းစဉ်များအား အသင်းဝင် ကိုယ်စားလှယ်များ ထံမှ အတည်ပြုချက်များ ရယူကာ တက်ရောက်လာသည့် အသင်းဝင် ကိုယ်စားလှယ်များက သိလိုသည်များကို မေးမြန်းဆွေးနွေးသည်။ ထို့နောက် မြို့နယ် သမဝါယမအသင်းစုအတွင်းရှိ အခြေခံအသင်း ၈၆ သင်းအား အစုထည့်ဝင်မှုအပေါ် အကျိုးခံစားခွင့်ငွေများထုတ်ပေးခဲ့ပြီး သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ချမ်းမြေ့​မောင်(ချမ်း/စံ)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်