Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမရပူရမြို့နယ်၌ သမဝါယမအသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ


27 Feb,2026

အမရပူရ ဖေဖော်ဝါရီ ၂၇

အမရပူရမြို့နယ်၊ သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ သမဝါယမအသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ဆိုင်ရာအစည်းအဝေးကို ကျင်းပခဲ့သည်။  မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းလင်းတို့ က အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးအရာရှိ ဦးမောင်မောင်လေးက လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး အသင်းစုအတွင်းရေးမှူးမှ အမှုဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဖတ်ကြားတင်ပြခဲ့သည်။ ယင်းနောက် အသင်းစုအမှုဆောင် အဖွဲ့ဝင်တစ်ဦးမှ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေစာရင်း ဖတ်ကြားပြီး သဘာပတိမှ အတည်ပြုခဲ့ပါသည်။ ၎င်းနောက် အခြေခံသမဝါယမအသင်းများသို့ ပေးအပ်ရမည့် အစုပေါ် အမြတ်ငွေ ၈၆၄၀၀၀ ကျပ်ကို အသင်းဝင်ကိုယ်စားလှယ်တစ်ဦးအား သဘာပတိမှ ပေးအပ်ခဲ့ပြီး အစုပေါ်ချီးမြှင့်ငွေ ၆၀၄၇၅၀၀ ကျပ်ကို အသင်းဝင်ကိုယ်စားလှယ်တစ်ဦးအား ဦးစီးအရာရှိမှ ပေးအပ်ခဲ့ကာ သဘာပတိမှ နိဂုံးချုပ်အမှာစကား ပြောကြားပြီးနောက် အစည်းအဝေးကို  အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်