Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးသိုက်စိုး သမဝါယမအသင်းသားတောင်သူများ၏ ရုရှားနေကြာမျိုး စမ်းသပ်စိုက်ခင်းအား ကြည့်ရှုစစ်ဆေး


01 Mar,2026

နေပြည်တော် မတ် ၁

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့မွန်းလွဲ ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဝါးခယ်မမြို့နယ်၊ ရေလိမ်ကျေးရွာသို့ သွားရောက်၍ ရွှေကြာပင် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများ၊ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံခဲ့ရာ အသင်းသားတောင်သူများက ယခင်နှစ်စမ်းသပ် စိုက်မျိုးခဲ့မှုနှင့် ယခုစိုက်ပျိုးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ဒုတိယဝန်ကြီးက သမဝါယမအသင်းသား တောင်သူများ၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် ဝန်ကြီးဌာနရှိ ဦးစီးဌာန (၄) ခု ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ပေးမှုများ၊ နိုင်ငံ တော်အစိုးရ၏ စီမံကိန်းများဖြင့် အထွက်တိုး မျိုးနှင့် သွင်းအားစုများ ပံ့ပိုးပေးလျက်ရှိသည့် အခြေ အနေများ၊ ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး၊ ကျေးလက်မီးလင်းရေး၊ ရေရရှိရေး၊ ကျေးရွာတွင်းလမ်းများ၊ ကုန်ထုတ်လမ်း/ တံတားများနှင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေ တိုးပွားရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး အသင်းသားတောင်သူများနှင့် ကျေးရွာသူကျေးရွာသားများ၏ စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး တင်ပြချက်များအ‌ပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရွှေကြာပင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမ အသင်းမှ အသင်းသားတောင်သူ ဦးဝင်းဘို၏ လယ်မြေ (၃) ဧကတွင် စမ်းသပ်စိုက်ပျိုးထားသော မာ့ဟ်ဟွန်း ရုရှားနေကြာမျိုးစိုက်ခင်းကိုလည်းကောင်း၊ အသင်းသားတောင်သူ ဦးကိုကိုအေး၏ လယ်မြေ (၃) ဧကတွင် စမ်းသပ်စိုက်ပျိုးထားသော အစ်ပိုလစ် ရုရှားနေကြာမျိုးစိုက်ခင်းကိုလည်း ကောင်း၊ အသင်းသားတောင်သူ ဦးကျော်အောင်၏ လယ်မြေ (၂) ဧကတွင် စမ်းသပ်စိုက်ပျိုးထား သည့် မော်လ်ကန် ရုရှားနေကြာမျိုး စိုက်ခင်းကိုလည်းကောင်း၊ စိုက်ပျိုးရေရရှိရေးအတွက် ချောင်း ရေတင်စနစ် ဆောင်ရွက်ထားမှုနှင့် ပျားမွေးမြူရေးပုံးများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်