မင်းလှ မတ် ၁
ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် တာဝန်ယူ ဆောင်ရွက်သည့် တော်တမံ- ပျဉ်ထောင်တွင်းလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ပဲခူးတိုင်းဒေသကြီး တာဝန်ခံအင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် သာယာဝတီခရိုင်နှင့် မင်းလှမြို့နယ်တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု (ငွေလုံး ငွေရင်း) ရန်ပုံငွေဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်သည့် တော်တမံ - ပျဉ်ထောင်တွင်းလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်