ပေါင်းတည် မတ် ၂
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပေါင်းတည်-သဖန်းကုန်းလမ်း ကတ္တရာထပ်ပိုး လွှာခင်းခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ (ပဲခူးတိုင်းတာဝန်ခံ)၊ ပြည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝဏ္ဏ၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာ၊ လုပ်ငန်းအရည်အသွေးထိန်းသိမ်းရေးအဖွဲ့တို့နှင့်အတူ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ ပေါင်းတည် - သဖန်းကုန်းလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး အင်ဂျင်နီယာချုပ်က အဆိုပါလမ်းများကို အဆင့်မြှင့်တင်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေး မှာကြားခဲ့သည်။
ပေါင်းတည်မြို့နယ်၌ အရှည် ၂ ဒသမ ၉ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် သုံးလက်မရှိ ပေါင်းတည်- သဖန်းကုန်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းနှင့် အခြားဆက်စပ် လုပ်ငန်းများကို ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေကျပ် ၁၁၅ သန်းဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အေးမြတ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်