Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေကြည်မြို့နယ်၌ စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်


03 Mar,2026

ရေကြည် မတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာအုပ်စု ဆင်း‌ဧကရီ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း သမဝါယမအသင်းသို့ တိုင်းဒေသကြီးဘတ်ဂျက် ရန်ပုံငွေဖြင့် သတ္တမအကြိမ် စိုက်ပျိုးရေးသွင်းအားစုများ ပံ့ပိုးခြင်းကို ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သမဝါယမဦစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းက သွင်းအားစုများ ပံ့ပိုးပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဆင်းဧကရီစိုက်ပျိုး ထုတ်လုပ်ရေး သမဝါယမအသင်းဥက္ကဋ္ဌ ဦးလှနိုင်စိုးက လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြခဲ့သည်။

ဆက်လက်၍ အသင်းသား (၃၀)ဦး၏ နွေစပါးစိုက်ဧက (၂၀၀) အတွက် တစ်ဧကလျှင် ပံ့ပိုးငွေကျပ် (၁၅၀၀၀)ကျပ်နှင့်ညီမျှသည့် သွင်းအားစုရွေပင်သန်ပုလဲ (၁၂၀)အိတ်၊ (၁၅)ပတ်လည် (၁၂၀)အိတ် စုစုပေါင်းတန်ဖိုးငွေကျပ် သိန်းသုံးရာကို ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်